ချီဖွေ မတ် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် တစ်မြို့နယ်လုံးကာကွယ် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးစုရပ်များခွဲကာ ကျေးလက်နေ ပြည်သူများကို ကာကွယ်ဆေးထိုးနှံရန် ကျေးရွာအရောက် ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး နေ့စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ကျေးရွာအရောက်ကွင်းဆင်းပြီး ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးတို့က ရပ်ကွက်/ကျေးရွာများ၌ အကြောင်း အမျိုးမျိုးကြောင့် သွားလာရန်အခက်အခဲရှိသူများနှင့် သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ(၂၁)ရက်နေ့တွင် ချီဖွေမြို့နယ် လုတ်နော့ဂျန်ကျေးရွာရှိ ဆေးပေးခန်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ချီဖွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းသည့်အဖွဲ့က တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံမှု ရာခိုင် နှုန်းအပြည့်အဝထိုးနှံ ပြီးစီးရေးအတွက် နေ့စဉ်ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၇၉၅၅) ဦးအား ဆေးထိုးနှံထားခဲ့ပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပြီးသူ (၆၉၂၉)ဦးကို ဆေးထိုးနှံ ထားပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများထံ နယ်လှည့်ကွင်းဆင်း၍ ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)