သထုံ မတ် ၂၂
မွန်ပြည်နယ်၊ သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်း၌ GAqP Model Farmတည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများတို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မွန်ပြည်နယ် ငါးလုပ်ငန်းစခန်း(သထုံ)၌ ဆောင်ရွက်နေသည့် ငါးကန်နှစ်ကန်အား ကျောက်စီနံရံ ပြုလုပ်ခြင်းလုပ်ငန်း၊ ကန်အတွင်း ၆ လက်မ PVC ပိုက်ဖြင့် ရေသွင်းရေထုတ်ပြုလုပ်ခြင်း လုပ်ငန်းနှင့် ခြံစည်ရိုးကာရံခြင်း စသည့် GAqP Model Farm လုပ်ငန်းများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေး ကော်မတီဝင်များတို့က ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဝင်းဗိုလ်က လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ GAqP Model Farm ၏ အကျိုးကျေးဇူးများနှင့် လိုအပ်သည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ကာလ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၉.၂၅ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် M2T Co.,ltd မှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)