သတင်းများ

ဟင်္သာတမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး အသိပညာပေးလှည့်လည် နှိုးဆော်ခြင်းများလိုက်လံဆောင်ရွက်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ပြည်သူများသတိရှိရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံနှိုးဆော် အသိပေးကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်တွင် နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်လှစ်မည်ဖြစ်
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ချောက်မြို့နယ်၌ Basic English Grammar & Basic Pronunciation သင်တန်းဖွင့်ပွဲနှင့် လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ
Mar 22,2022
မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ယ​နေ့ မွန်း လွဲ၁၂နာရီအချိန်က က​လေးငယ်များအတွက် ​နွေရာသီ အင်္ဂလိပ်စာ အခြေခံသင်တန်း Basic English Grammar & Basic Pronunciation သင်တန်းဖွင့်ပွဲနှင့် လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲကို ကျင်းပခဲ့ သည်။
သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမမှာ ယမန်နေ့ နံနက်(၁၁)နာရီက “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
တမူးမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးကြေငြာခြင်း မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တမူးမြို့နယ်ဦးစီးမှူးရုံးမှ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးလှည့်လည် နှိုးဆော်ခြင်းနှင့် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ် ရပ်ကွက်နှင့် မြစ်ကမ်းပါးနှင့် ထိစပ်နေသော ကျေးရွာများသို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
မြန်အောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 22,2022
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အားကောင်းသောမုန်တိုင်းငယ် သတိပေးချက် အမှတ်စဉ်(၁၅/၂၀၂၂) (၂၀၂၂ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ထုတ်ပြန်ထားကြောင်း သိရှိရသည်။