သီပေါမြို့နယ်တွင် နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်လှစ်မည်ဖြစ်

သီပေါ မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန်အတွက် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာနှင့် နည်းပြဆရာ၊ ဆရာမများက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်(၃)မျိုးအား မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားရုံတို့တွင် ၂၀၂၂ခုနှစ်မတ်လ (၂၄) ရက်နေ့ ညနေ (၃) နာရီအချိန်မှ စတင်၍ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းနှင့် မည်သူမဆို အခမဲ့ လာရောက်သင်ကြားနိုင်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)