ချောက် မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယနေ့ မွန်း လွဲ၁၂နာရီအချိန်က ကလေးငယ်များအတွက် နွေရာသီ အင်္ဂလိပ်စာ အခြေခံသင်တန်း Basic English Grammar & Basic Pronunciation သင်တန်းဖွင့်ပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ သည်။
ရှေးဦးစွာ မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ လူငယ်နှင့် ရည်မှန်းချက်၊ စာရိတ္တမဏ္ဍိုင်အကြောင်း ရှင်းလင်းပြောကြားကာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးမှူးဦးဇော်လင်းအောင်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား၍ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးကြည်ထွန်းက စိတ်ဓါတ်၊ စည်းကမ်း ခေါင်းစဉ်ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထိုနောက် သင်တန်းပို့ချမည့် သင်တန်းနည်းပြ ဆရာမဒေါ်မွန်မွန်ကို (အောင်ပြည့်သာ- ပညာရေးစင်တာနှင့် ဘာသာ စကားသင်တန်း)က သင်ကြားမည့် သင်တန်းပုံစံအားရှင်းလင်းပြော ကြားပြီးသင်တန်းအား မွန်းလွဲ(၁)နာရီတွင် စတင် သင်ကြားခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များဘက်စုံဖြိုးစေရေးရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ကလေးငယ်များအား အင်္ဂလိပ်စာ ရင်းနှီးကျွမ်းဝင်စေရန်၊ အင်္ဂလိပ်စာလေ့လာမှုအားကောင်းစေရန်နှင့် စာသင်ကြားမှုတွင် အထောက်အကူရစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာအခြေခံသင်တန်းအားမတ် လ (၂၁)ရက် မှစတင်ကာ တစ်ပတ်လျှင် (၃)ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် နေ့စဉ် နေ့လယ်၁၂နာရီ မှ ၂နာရီအထိ သင်ကြား ပေးသွားမည်ဖြစ်သည်။ အသက် အရွယ်အားဖြင့်အသက် ၆ နှစ် မှ အသက် ၉နှစ်အထိကလေးငယ်များကို ပထမအသုတ်အနေဖြင့် ဧပြီလ(၈)ရက် နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ စိတ်ပါဝင်စားသည့် သင်တန်းသား/သူ(၃၅)ဦး တက်ရောက်သင်ကြား ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)