သတင်းများ

အင်္ဂပူမြို့နယ်မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဝင်ရောက်လာပါက ရှာ‌ဖွေကယ်ဆယ်ရေး ဆောင်ရွက်ရန် တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၌ မုန်တိုင်းဝင်ရောက်လာပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ကစ၍ တပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ပြင် ဆင်ထားရှိကြောင်းသိရှိရသည်။
ရွှေသောင်ယံမြို့၌ အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့်ပတ်သက်၍ ရပ်ကွက်များအတွင်း၌ လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းပြားမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Mar 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
သဘာဝဘေးကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ် တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ထားရှိ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် သဘာဝဘေး ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ထားရှိ  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေး အသိပေးကြေညာခြင်းနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူများ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမှ ကြိုတင်သတိပြုကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းခွနေရာများတွင် အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည်ကြေညာ ခြင်း၊ ငဝန်မြစ်ကမ်းတ‌စ်လျှောက်ရှိ ရပ်ကွက်များအတွင်းရှိ လမ်းပိုင်းများတွင် (Hand speaker)များ ဖြင့် လိုက်လံအသိပေး ကြေညာခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားသရုပ်ပြပွဲ ဆောင်ရွက်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမ၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလေးမအားကစားနှင့် မြန်မာ့သိုင်းအားကစား သရုပ်ပြပွဲများကို ယမန်နေ့နေ့လယ်က ကျင်းပပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မပျက် ဆောင်ရွက်
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် မကျီးရုံ ကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်လစာငွေများစတင်ထုတ်ပေး
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။