မင်းပြားမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မင်းပြား မတ် ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ  အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က  မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာမင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက    အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး မင်းပြားမြို့နယ်  ပြည်သူ့ကျန်မာရေး ဦးစီးဌာန၊    မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ နေဝင်းထွန်းက မင်းပြားမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊  မြို့မိမြို့ဖများ၊   လူမှုအဖွဲ့အစည်းများ   ပူးပေါင်းဆောင်ရွက်မှုဖြင့်  ကျန်းမာရေး စောင့်ရှောက်မှုတွင်    အောင်မြင်စွာကြိုတင် ကာကွယ်နိုင်ခြင်း   ကိုဗစ်-၁၉  ကာကွယ်ဆေးကို ပြည်သူလူထု အပြည့်အဝ ရာနှုန်းပြည့်ထိုးနှံနိုင်အောင် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေး တင်ပြခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသည့်  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊  လူမှုအဖွဲ့အစည်းများက ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံရာတွင် ကူညီဆောင်ရွက်ပေးမှု၊ ဆေးရုံ၌ဝန်ဆေင်မှု အခြေအနေများ၊ လူနာသယ်ဆောင်မှု အခြေအနေများကို ဆွေးနွေးကြရာ   မင်းပြားမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးက ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။   

သိန်းနုအောင်