ရွှေသောင်ယံမြို့၌ အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရွှေသောင်ယံ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့်ပတ်သက်၍ ရပ်ကွက်များအတွင်း၌ လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သို့ရာတွင် ရွှေသောင်ယံမြို့နေ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကူးစက်ခံရခြင်း မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊‌ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ခဲ့သည်။

အဆိုပါ ရောဂါပိုးသည် မိမိတို့ဒေသအတွင်း ကူးစက်ပျံ့နှံ့ပါက နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အတွက် လုပ်ငန်းခွင်များနှင့် အလှူပွဲ၊ မင်္ဂလာပွဲများကို စည်းကမ်းတကျ ပြုလုပ်ကြရန် ကျန်းမာရေး ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုကို လိုက်လာကြရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)