သတင်းများ

အိမ်မဲမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေပြီး Hand Speaker ဖြင့်လိုက်လံကြေညာ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များလိုက်လံဖြန့်ဝေပြီး Hand Speaker ဖြင့် လိုက်လံကြေညာခြင်းကို မတ်လ ၂၁ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်နိုင်ရန် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်းဆောင်ရွက်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနသည် တပ်ဖွဲ့ဝင်များဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်နိုင်ရန် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်းများနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ပုံပြင်​ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများပျော်ရွှင်စရာ အစီအစဉ်များ ကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(​တောင်ပိုင်း)ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ အဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မတ် ၂၁ ရက် မနက်ပိုင်းက (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို အဖြစ်က​လေးများအားပုံပြင်​ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများ ပျော်ရွှင်စရာအစီအစဉ်များ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲရ၊ နံကပ်စာစောင်ပြပွဲနှင့် စကားပုံ ဆက်ပြိုင်ပွဲကျင်းပ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၇) ဆနှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲက ယနေ့နနံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်​သည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mark များအခမဲ့ဖြန့်ဝေပေး
Mar 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ Mark နှာခေါင်းစည်းတပ်စင်သည့်အလေ့အကျင့်များ ရလာစေရန် မတ်လ(၂၁)ရက်က Mark အခုရေ (၅၀၀)ကို ပေးဝေခဲ့ကြောင်း ပန်ဆောင်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီထံမှသိရသည်။ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရေး အတွက် ပြည်သူများအကြောင်းအမျိုးမျိုးကြောင့် နေအိမ်မှအပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း Mark တပ်စင်သည့်အလေ့အကျင့်များရှိစေရန် Mark ပေးဝေခြင်း လုပ်ငန်းကို ပန်ဆောင်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ဦးဆောင်ရွက် နှာခေါင်းစည်း Mark အခုရေ( ၅၀၀)ကို ပေးဝေခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်‌ဝေ
Mar 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် သပြေကုန်းဈေးစည်ပင်မှ ဝန်ထမ်းများ ပူးပေါင်းကာ အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် နေ့ထူး နေ့မြတ်များ သိရှိနိုင်စေ ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို သပြေကုန်းဈေးအတွင်းရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူ ပြည်သူများအား အခမဲ့ဖြန့်‌ဝေပေးခဲ့ကြသည်။
ပန်းတနော်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ အသင့်ပြင်ဆင် စုဖွဲ့ထားရှိ
Mar 21,2022
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အသင့်ပြင်ဆင် စုဖွဲ့ထားရှိပြီး ဇတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြုသုံးစွဲနိုင်စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့သည်။