သဘာဝဘေးကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ် တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ထားရှိ

ဇလွန် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် သဘာဝဘေး ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ထားရှိ  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများ ဖြင့် ကြိုတင်ပြင်ဆင်  ဆောင်ရွက်ထားသည့်အပြင် သဘာဝဘေးကျရောက်ပါကလည်း ပြည်သူ များအား  ရှာဖွေကယ် ဆယ်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များဖြစ်သော မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး ကျရောက်ပါက အချိန်မီ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန်အတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိခြင်း လုပ်ငန်းများအား ကြိုတင်ပြင်ဆင် စီမံထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)