ကြံခင်း မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်လာထုတ်သူပင်စင်စားများ စနစ်တကျ ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထုတ်ပေးလျက်ရှိပါသည်။
ကြံခင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ပင်စင်စား လာရောက်ထုတ်ယူသူ ဦးရေ (၁၁၂၁)ဦးရှိပြီး၊ နိုင်ငံရေးပင်စင်စားဦးရေ(၈၇)ဦး၊ မြို့ပြ ပင်စင်စားဦးရေ (၇၅၉)ဦးနှင့် ကာကွယ်ရေး ပင်စင်စားဦးရေ (၂၇၅)ဦးရှိကြောင်းနှင့် ပင်စင်ထုတ်ယူရာ၌ အဆင်ပြေစေရန် မတ်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လည် (၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
မိုးမိုး(ပြန်/ဆက်)