သတင်းများ

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Mar 19,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ကလေးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ဘားအံ၌ လူငယ့်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူငယ့်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။
ဇေယျာသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ငူ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်း ခန်းမတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင် အခြေခံပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက  ကျင်းပသည်။
စစ်ကိုင်းမြို့တွင် “လူငယ်များ စိတ်ဓာတ်မြှင့်တင်ပေး စည်းကမ်းလိုက်နာရေး” အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
စစ်ကိုင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ “လူငယ်များ စိတ်ဓာတ် မြှင့်တင်ပေး စည်းကမ်းလိုက်နာရေး” အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေး
Mar 19,2022
(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏မိသားစုများ စုပေါင်းသွေး လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေ တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။