ဇေယျာသီရိ မတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲကို ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥတ္တရခရိုင် ပညာရေးမှူး ရုံးမှ ခရိုင်ပညာရေးမှူးဒေါက်တာမာမာဇင်က စိတ်ဓါတ်၊စည်းကမ်း၊ပညာ ကောင်းမွန်ရေး ခေါင်း စဉ်ဖြင့်လည်းကောင်း၊ ဉတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဉတ္တရခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်း စနစ်မှူး ဦးရဲရင့်အောင်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီး ဟော ပြောခဲ့သည်။
ဟောပြောပွဲသို့ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှှ ကျောင်းသား၊ကျောင်းသူ အင်အား (၄၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)