သတင်းများ

ကော့ကရိတ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် ခရိုင်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ် (၃)ရပ်ကွက် အထက (၁)ကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြား စတင်ထုတ်ပေး မာန်အောင်မြို့နယ်မှ(၁၂၆၃)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 19,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ သက်ဆိုင်ရာစာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေး ပေးရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Mar 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ မတ်လ ၁၈ ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ယခင်ချေးငွေများ ပြန်လည် ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန်ရှိ အလုပ်သမားတစ်ဦး မတော်တဆဖြစ်မှုအတွက် တနင်္သာရီတိုင်း ဒေသကြီး လူမှုဖူလုံရေးအဖွဲ့က ငွေကျပ်သိန်းနှစ်ဆယ်ကျော်ထောက်ပံ့ပေးအပ်
Mar 19,2022
တနင်္သာရီတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့က  ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အညီ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ITALIAN-THAI  DEVELOPMENT  PUBLIC  COMPANY LIMITED (ITD)ခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်ရှားပင်ကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ အကောင်ဖော် ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိ
Mar 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ ရှားပင်ကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိပြီဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ (အနောက်)ပြည်ခရိုင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်
Mar 19,2022
ပဲခူးတိုင်းဒေသကြီး၊ (အနောက်) ပြည်ခရိုင် ပြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း (၃)ထပ်ဆောင်၌ ယနေ့ မွန်းလွဲ ၁၁ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲကို ယနေ့မွန်းတည့် ၁၂နာရီအချိန်က ကျင်းပသည်။
မုံရွာမြို့၊ အလုံအထက-၂ ၌ လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ၊ ကျောင်းသား/ ကျောင်းသူလေးများအား ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ရည်ရွယ်လျက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၁၉ ရက်နေ့ ၁၂ နာရီအချိန်က မုံရွာမြို့၊ အလုံအထက-၂ ခန်းမ၌   ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။