စစ်ကိုင်း မတ် ၁၉
စစ်ကိုင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ “လူငယ်များ စိတ်ဓာတ် မြှင့်တင်ပေး စည်းကမ်းလိုက်နာရေး” အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင် အောင်ထွေးက ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ စာရိတ္တ ကောင်းမွန်ရေးအတွက် ကိုလည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောင်းသား/သူများ အနေဖြင့် ကျောင်းစာပြင်ပ အားကစားလှုပ်ရှားမှုများ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ခရိုင်ပညာရေးရုံးမှ ဆရာမကြီးက စိတ်ဓာတ်/စည်းကမ်း ကောင်းမွန်းစွာ နေထိုင်ပြုမူဆောင် ရွက်သွားကြစေလိုကြောင်းများကို အသီးသီး ဆွေးနွေးဟောပြောပေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်