ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ပြည် မတ် ၁၉

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

သွေးလှူဒါန်းရာတွင် ဒေသခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၂၃)ဦးလာရောက် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွေးလာရောက် လှူဒါန်းသူများအား အားပေးစကား ပြောကြားပြီး အဟာရဖြည့် အစားအစာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကိုစိုးပြန်/ဆက်