ကလေး မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဒေါ်ကြည်ကြည်ဦးက “လူငယ်များ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးတွောင်ဆွင်းဗန်က “အကျင့် စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သီတာလှိုင်မှ “အားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပြီး ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများပေးအပ် လှူဒါန်းခဲ့သည်။
အဆိုပါ ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်ပညာရေးဌာနတို့မှ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများ ဖြစ်လာစေရန်နှင့် မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံသားကောင်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆရာ ဆရာများနှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
မောင်ကျော်(ပြန်/ဆက်)