ဘားအံ၌ လူငယ့်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဘားအံ မတ် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူငယ့်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ဘားအံခရိုင်ပညာရေးမှူး ဒေါ်အေးအေးဆွေက စိတ်ဓာတ်ကောင်းများ ရရှိရေးနှင့် စည်းကမ်း လိုက်နာရေး အသိပညာပေးဆိုင်ရာများကိုလည်းကောင်း၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးဆိုင်ရာ များကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထိုက်က အားကစားဆိုင်ရာ အသိပညာပေးဆိုင်ရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ သတ္တမတန်းသင်ရိုးသစ်နှင့် သတ္တမတန်း သင်ရိုးဟောင်း ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကာ ဘားအံ အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းအုပ်ကြီး ဦးမင်းကျော်ဉာဏ်ခိုင်ထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ ထံ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)