သတင်းများ

မိတ္ထီလာမြို့၌ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Mar 21,2022
မိတ္ထီလာမြို့၌ မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍလိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးလျက်ရှိသော ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းတည်ထောင်သည့် ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြည်သာယာရပ်ကွက်ရှိ အဆိုပါအသင်းရုံးတွင်ကျင်းပကြောင်း သိရသည်။
ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို မတ် ၁၉ ရက် နံနက် ၉ နာရီအချိန်ခန့်က ဗန်းမော်မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေး​နှိုးဆော်ခြင်းနှင့် အသင့်စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး လှည့်လည်အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြိုနယ်ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး လူငယ်ဘက်စုံဖွံဖြိုးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား၊ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေး နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ကျန်းမာကြံခိုင်စေရေးရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့က အသိညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် မုန်တိုင်းငယ်သတိပေးချက်အား လိုက်လံအသိ​ပေး နှိုး​ဆော်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့တွင်း လမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ်တွင်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူလူထုအသိပညာဗဟုသုတတိုးပွားစေရေးနှင့် နေ့ထူးနေ့မြတ်များ သိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စလင်းမြို့ အထက်တန်းကျောင်းဝိုင်း အတွင်း၌ အခမဲ့ဖြန့်ဝေခဲ့သည်။
မောင်တောမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိ
Mar 21,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက် ထားရှိကြောင်း သိရသည်။
တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကျင်းပ
Mar 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ(၂၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တမူးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။