မောင်တောမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိ

မောင်တော မတ် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အနေဖြင့်  မြို့နယ်အတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသ အခြေအနေများကို ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားပြီး သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ လေထိုးဘုတ်များနှင့် ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စု ဖွဲ့ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)