စလင်း မတ်လ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူလူထုအသိပညာဗဟုသုတ တိုးပွားစေရေးနှင့် နေ့ထူးနေ့မြတ်များ သိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စလင်းမြို့ အထက်တန်းကျောင်းဝိုင်း အတွင်း၌ အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ် ကာကွယ်စောင့်ရှောက် သွားမည်သာ (ဆောင်းပါး) တပ်မတော်၏အစဉ် အလာကောင်း(၁၂)ရပ်၊ စာရေးဆရာစိုးမိုး(ပုသိမ်)ရေးသားသော နွေအလှ(ကဗျာ)၊ တည့်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၃.၃.၂၀၂၁ရက် နေ့(၇၆)နှစ်မြောက် တပ်မတော် နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းကောက် နှုတ်ချက်၊ ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၇ခု နှစ်ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်း အရုံးတွင် ပြောကြားသည့်မိန့်ခွန်းကောက်နှုတ်ချက်များနှင့် တပ်မတော်နေ့ဆိုင်ရာ ဆောင်းပါး များပါဝင်ကြောင်း သိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ကို စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဦးစီးမှုး ဒေါ်ဇင်မာအောင်နှင့် ဝန်ထမ်းများက စလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း တွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အထွထွေ အုပ်ချုပ်ရေးဝန်ထမ်းများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
မောင်လွင် စလင်း