တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကျင်းပ

တမူး မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ(၂၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တမူးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်မှ ယနေ့အချိန်မှာ ကမ္ဘာ့ပတ်ဝန်း ကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ရာသီဥတုပြောင်းလဲမှုများနှင့် နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့ မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွင်းလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ များနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျ ရောက်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ တောမီးများ မကြာခဏလောင်ကျွမ်းခြင်း စတဲ့သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း ဒါကြောင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းဖို့ အလွန်အရေးကြီးကြောင်း၊ ဒါကြောင့် သဘာဝသယံဇာတတွေကို  ထိန်းသိမ်းထုတ်ယူ သုံးစွဲတဲ့အခါမှာ ရေရှည် တည်တံ့စေတဲ့ နည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် သစ်တော သံယံဇာတနှင့် စွမ်းအင်တွေကို အကျိုးရှိရှိအသုံးချနိုင်ခြင်း၊ ပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှု မဖြစ်စေတဲ့ အလုပ်အကိုင်တွေနဲ့ ကောင်းမွန်ပြီးအကျိုးရှိတဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင် မှာဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး  တမူးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရတနာ