မိုင်းခုတ် မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၅)ရပ်၊ ''ပါဝင်ကူညီ'' ခေါင်းစဉ်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ''တည့်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ''ခေါင်းစဉ်ဖြင့် ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆)နှစ် မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ''ကာကွယ်စောင့်ရှောက်သွားမည်သာ''ခေါင်းစဉ်ဖြင့် ဆောင်းပါးတို၊ ၂၇-၃-၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည့် စိုးမိုး(ပုသိမ်)၏ ''နွေအလှ''ကဗျာနှင့် တပ်မတော်၏ ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (ရုံးချုပ်)က စောင်ရေ (၁၀၀၀၀၀)အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ (၂၀၀)အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း