သတင်းများ

ဇေယျာသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ငူ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်း ခန်းမတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင် အခြေခံပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက  ကျင်းပသည်။
စစ်ကိုင်းမြို့တွင် “လူငယ်များ စိတ်ဓာတ်မြှင့်တင်ပေး စည်းကမ်းလိုက်နာရေး” အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 19,2022
စစ်ကိုင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ “လူငယ်များ စိတ်ဓာတ် မြှင့်တင်ပေး စည်းကမ်းလိုက်နာရေး” အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေး
Mar 19,2022
(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏မိသားစုများ စုပေါင်းသွေး လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေ တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျွန်းစုမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘ အသိပညာပေးသင်တန်း ကျင်းပ
Mar 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက မိဘများအနေဖြင့် ကလေးများကို ကူညီပံ့ပိုးပေးရန်နှင့် ပူးပေါင်းပါဝင်ခွင့်ပေးရန်အတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘအသိပညာပေး သင်တန်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်-မုံရွာလမ်းနှင့် ကျေးရွာများ ဆက်သွယ်သည့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတား ဖွင့်လှစ်
Mar 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမ‌ကြီး ‌ဘေးရှိ သောင်ကြီးကျေးရွာအုပ်စု၊ တက်ဆိပ်ကျေးရွာ၊ ဇီးတန်းပိုင်း၌ ယနေ့နံနက်ပိုင်းက ပုသိမ်-မုံရွာ လမ်းမကြီးနှင့် ကျေးရွာများ ဆက်သွယ်သည့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတားသစ် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ရွှေဘိုတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Mar 19,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရွှေဘိုမြို့၊ အမှတ်(၂) အခြေခံပညာ အထက်ကျောင်းတွင် အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့နယ်ရှိ ရပ်ကွက်များအတွင်း ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Mar 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းပြည့် လွှမ်းခြုံနိုင်ရေး ကွင်းဆင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများနှင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။