သတင်းများ

မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီက မြို့နယ်ပညာရေးမှူး ရုံးသစ်  ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
Mar 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသည်  ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၉၇၂)သိန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် မြို့နယ်ပညာရေးမှူး ရုံးသစ် ဆောက်လုပ်နေမှုအား ယမန်နေ့ညနေ (၄) နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ လာဘမုနိဗုဒ္ဓရုပ်ပွားတော် တည်ထားနိုင်ရေး အုတ်မြစ်ချမင်္ဂလာကျင်းပ
Mar 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ လာဘမုနိ ဗုဒ္ဓရုပ်ပွားတော် တည်ထားနိုင်ရေး အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို အဘယကုန်းမြေ ယမန်နေ့ နံနက်(၉)နာရီက ကျင်းပသည်။
ဆီဆိုင်မြို့၌ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေး
Mar 19,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် women Club အဖွဲ့ဝင်တို့ပူးပေါင်း၍ ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လက်တွေ့သင်တန်းပေး ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့နယ်၊ အထက(ကင်းတပ်)ကျောင်း၌ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုကျင်းပနေမှု တို့အား ကြည့်ရှုအားပေး
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်း စာမေးပွဲများကို အေးချမ်းစွာဖြေဆိုကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း ကင်းတပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုကျင်းပ နေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများ က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး  ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံကာ ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်းစာမေးပွဲကို စိတ်အေး ချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရန် ကျောင်းပြင်ပလုံခြုံရေးများကို အလေးထား ကြပ်မတ် ဆောင်ရွက်သွားကြရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့နယ် ထင်းရှူးချောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထင်းရှူးချောင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မော်လိုက်မြို့နယ် ဆွတ်နန်းကျေးရွာအနီး၌ ရေဝင်ပေါက်များ ပိတ်ဆို့ကာကွယ်ခြင်းနှင့် တာဘောင် မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီး၌ တိုင်းဒေသကြီး ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရန်ကင်းတောင်ခြေနှင့် မကျီးအင်းရေဝင်ပေါက် ကြားရှိ ရေဝင်ပေါက်များ ပိတ်ဆို့ကာကွယ်ခြင်းနှင့် တာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် ချက်များအပေါ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  လုပ်ငန်းညိနှိုင်း အစည်းအဝေးကျင်းပ
Mar 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအပေါ် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး  လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပခဲ့ကြသည်။
မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်  နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Mar 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၃)တို့တွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။