သတင်းများ

ဒေးဒရဲမြို့၌ မုန်တိုင်းအန္တရာယ် သတိပေး‌နှိုးဆော်ချက်များ လိုက်လံနှိုးဆော်
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်း နှင့် ပတ်သက်၍ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလိုက်လံ နှိုးဆော်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ လူစည်ကားရာနေရာများနှင့် မြစ်ကမ်း တစ်လျှောက် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
မက်မန်းမြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲကို မက်မန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။
မြန်အောင်မြို့မရဲစခန်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့၊ မြန်အောင်မြို့မရဲစခန်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြောပွဲနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်က မြို့မရဲစခန်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြသည်။
နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုရှိ ကျေးလက်နေပြည်သူ ၁၈၇ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်းဆောင်ရွက်
Mar 20,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသား ကတ်အလွယ်တကူ ကိုင်ဆောင် ခွင့်ရရှိစေရန်ရည်ရွယ်၍
ကျိုက်လတ်မြို့၌ စာမေးပွဲဖြေဆိုပြီးသည့် ၇ တန်း ကျောင်းသား၊ ကျောင်းသူများကို လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲကျင်းပ
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၁)နာရီခွဲခန့်က စာမေးပွဲဖြေဆိုပြီးသည့် ၇ တန်း ကျောင်းသား၊ ကျောင်းသူများကို လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲကျင်းပခဲ့သည်။
လပွတ္တာခရိုင်၌ မုန်တိုင်းဘေးအန္တရာယ် ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့် နှိုးဆော် ကြေညာခြင်းများ ဆောင်ရွက်
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တာရယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့စု့ဖွဲ့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
မက်မန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မတ်လ ၁၈ ရက် နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနရှိ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် လုပ်ငန်းသုံး ပစ္စည်းများ အသင့်စုဖွဲ့လေ့ကျင့်ဆောင်ရွက်
Mar 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီး ဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သော