ဒေးဒရဲမြို့၌ မုန်တိုင်းအန္တရာယ် သတိပေး‌နှိုးဆော်ချက်များ လိုက်လံနှိုးဆော်

ဒေးဒရဲ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်း နှင့် ပတ်သက်၍ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလိုက်လံ နှိုးဆော်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ လူစည်ကားရာနေရာများနှင့် မြစ်ကမ်း တစ်လျှောက် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များနှင့် မြစ်ကမ်း တစ်လျှောက် စသည့်နေရာများတွင် မုန်တိုင်းအန္တရာယ်သသိပေးနှိုးဆော်ချက်များကို ပြည်သူများသိရှိနိုင်ရေး အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း