သတင်းများ

ကလောမြို့နယ်၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးရေး ဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင် သဘာဝဘေးကြိုတင်ကာကွယ်ရေး သန်လျင်၌ ညှိနှိုင်းဆွေးနွေး
Mar 20,2022
ရန်ကုန်တောင်ပိုင်းခရိုင် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ဆီဆိုင်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး
Mar 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီး နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ က တဘက်ကျေးရွာအုပ်စု၊ နမ့်စေမြဲကျေးရွာသို့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး အသိပေးဆိုင်းဘုတ်အား တာချီလိတ်၌ စိုက်ထူ
Mar 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရုံးရှေ့၌ နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေးအတွက် အသိပညာပေး ဆိုင်ဘုတ်အား ယမန်နေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
မြိတ်မြို့နယ်ရှိ ကရင်တိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကျေးရွာရပ်မိရပ်ဖများ တွေ့ဆုံဆွေးနွေး
Mar 20,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကရင်တိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်း က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်တိုင်းရင်းသားကျေးရွာများမှ ဒေသခံရပ်မိရပ်ဖများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက အသင့်စုဖွဲ့ပြင်ဆင်
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် မုန်တိုင်းဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက ယမန်နေ့ကစ၍ အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရှိရသည်။
ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်းပါ အသိပညာပေး မြေစိုက်ဘုတ်များစိုက်ထူ
Mar 20,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများ အသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်းပါ “မိဘပြည်သူများသို့ အသိပေးကြေညာခြင်း” မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
ညောင်ဦးမြို့နယ်တွင် မန်ကျည်းသီးမှည့်များ ပေါ်နေပြီဖြစ်ရာ အငှားဆွတ်ခူးသူများနှင့် အငှားလိုက် ကောက်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်
Mar 20,2022
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မန်ကျည်းသီးမှည့်များပေါ်နေပြီဖြစ်ရာ မန်ကျည်းသီးမှည့် အငှားဆွတ်ခူး(ပုတ်ခြင်း)သူများနှင့် မန်ကျည်းသီးမှည့် အငှားလိုက် ကောက်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ကုလားတဲကျေးရွာ မန်ကျည်းသီး အငှားလိုက်ဆွတ်သည့် ဦးသန်းဆောင်က ပြောကြားသည်။