ကျိုက်လတ် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၁)နာရီခွဲခန့်က စာမေးပွဲဖြေဆိုပြီးသည့် ၇ တန်း ကျောင်းသား၊ ကျောင်းသူများကို လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးထိန်လင်း က အကျင့်စာရိတ္တနှင့်စည်းကမ်းအကြောင်းကို လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းစနစ်မှူး ဦးကျော်နိုင် က အားကစားနှင့်လူငယ်ဖွံ့ဖြိုးရေးအကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့် က စာဖတ်ခြင်းအကျိုးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အကြောင်းတို့ကို ဟောပြောခဲ့ကြသည်။ အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အတွက် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရီရီမြင့်