အုတ်တွင်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးများကို ခပေါင်း၊ ရေသိုး၊ မင်းရဲဆည်မှ ရေများဖြင့် ၂၈၆၆၂လျာထားစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ တွင် တောင်သူများအနေဖြင့် နွေစပါးစိုက် ဧက ၂၈၇၃၅ ဧက လျာထားစိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အနေဖြင့် စိုက်ပျိုးသောနွေစပါးမျိုးမှာ နှံကောက်ရက်-၉၀၊ ပြည်တော်ရင် မျိုးများဖြစ် ပြီးစိုက်ပျိုးရေးဦးစီးဌာနက မျိုးစပါးများ ပံ့ပိုးပေးခဲ့ကြောင်း၊ စိုက်ခင်းများအောင်မြင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် ဝန်ထမ်းများက စိုက်ခင်းအရောက် မြေပြင် ကွင်းဆင်း၍ တောင်သူများနှင့် ပူးပေါင်းကာ ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်ပေးခြင်း၊ မျိုးသန့်စံပြကွက်၌ မျိုးကွဲပယ်ခြင်း၊ သွင်းအားစုများပက်ကြဲခြင်း၊ သဘာဝမြေသြဇာများ ပြုလုပ် သုံးစွဲခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)