လယ်ဝေး မတ် ၂၀
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပိတောက်ချောင်ကျေးရွာအုပ်စု၊ လေးကသိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးမည့်အစီအစဉ်၊ နေကြာမျိုးများအကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးကျော်သူရက မြစိမ်းရောင်စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ လေးကသိန်းကျေးရွာမှ ဒေသခံပြည်သူများက နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့် စိုက်ပျိုးရေရရှိရေး၊ ရေဆိုးထုတ်မြောင်းဖောက်လုပ်ရေး စသည့် အကြောင်းအရာနှင့် ကျေးရွာ၏ လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ သက်ဆိုင်ရာဌာနများအလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)