ဘူးသီးတောင် မတ် ၂၀
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာမှုအစီရင်ခံစာ (Preliminary Needs Assessment-PN) တွင် ပါဝင်သော အကြံပြုချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအဆင့်ဦးစားပေး စီမံကိန်း (၇)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွင်း၌ မေယု FM ရေဒီယိုအစီအစဉ်များကို ဖမ်းယူနားဆင်မှုနှင့် ပတ်သက်၍ ပရိသတ်၏ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှစတင်၍ ဘူးသီးတောင်မြို့ မြို့ပေါ်ရပ်ကွက်ရှိ သပြေကုန်းရပ်ကွက်၊ မြို့သစ်တောင်ရပ်ကွက်၊ မီးရထားဆိပ်ရပ်ကွက်၊ တောင်ရပ်ကွက်များသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေယု FM ရေဒီယိုနားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဘူးသီးတောင်)မှ စက်ရုံတာဝန်ခံ ဦးညီညီသန့်တို့မှ မေယု FM ရေဒီယိုနားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မေယု FM ရေဒီယိုနားထောင်မှုဆိုင်ရာ စစ်တမ်းများကောက်ယူခဲ့ပြီး၊ စစ်တမ်းဖြည့်သွင်းသူများထံ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မေယု FM ရေဒီယိုနားထောင်မှုဆိုင်ရာ ပရိသတ်များ စစ်တမ်းကောက်ယူရာတွင် ဘူးသီးတောင်မြို့ မြို့ပေါ်ရပ်ကွက်ရှိ သပြေကုန်းရပ်ကွက်၊ မြို့သစ်တောင်ရပ်ကွက်၊ မီးရထားဆိပ်ရပ်ကွက်၊ တောင်ရပ်ကွက်များရှိ ပြည်သူ(၇၅၀)ဦးတို့က စစ်တမ်းဖြည့်သွင်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)