(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ပျော်ဘွယ်မြို့နယ်တွင် ကျင်းပပြုလုပ်

ပျော်ဘွယ် မတ် ၂၂

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် မတ်လ(၂၂)ရက်၊ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ယနေ့အချိန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်း စဉ်များကို ဆွေးနွေး ဟောပြောသည်။

အဆိုပါအခမ်းအနားသို့ အတန်းတင်စာမေးပွဲ ဖြေဆိုပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး စာအုပ်စာစောင်များ၊ နံရံကပ်‌စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)