ငါန်းဇွန် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မတ်လ၁၂ရက်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သော (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင်ဗိုလ်မှူး မိုးမင်းဦး၊ မြို့နယ်လဝက ဦးစီးအရာရှိ ဦးလှသိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နေခြည်ဦးနှင့် မြို့နယ်အမျိုးသမီးရေးရာဥက္က ဒေါ်မြင့်မြင့်ခိုင်တို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။ထို့ နောက် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။သက်နောင်ဦး(ငါန်းဇွန်)