သတင်းများ

မင်းလှမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့လည် ၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ အသက်၁၈နှစ်နှင့် အထက်မိဘပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (First Dose) စတင်ထိုးနှံပေးလျက်ရှိ
Mar 30,2022
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်၊ ခေမာရာမ(ကျိုင်းတုံ)ကျောင်း၌ ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်က အမှတ်(၇၊၈၊၉၊၁၀)ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Frist Dose) စတင်ထိုးနှံပေးလျက်ရှိသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေး
Mar 30,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ၂၈ရက်နေ့က မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မူလတန်းကြိုကျောင်း ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ
Mar 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင်  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ကျွန်းစု- မူလ တန်းကြိုကျောင်းမှ ကလေးငယ်များအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့့်ခြင်းနှင့်  ပဒေသာကပွဲ အခမ်းအနားကို  ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က  မူကြိုကျောင်းဟောခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား နွေရာသီမီးဘေးအန္တရာယ် လုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 30,2022
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် ထန်းတပင်မြို့ပေါ်၌ ရောင်းချနေသော စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦး‌အောင်မင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ယမန်နေ့နေ့လယ်ပိုင်းက အောင်ရတီဟိန်း စက်သုံးဆီဆိုင်အား ဝင်ရောက်စစ်ဆေးကာ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသ ပေးခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စု(၆)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသည့် ပစ္စည်းများအား မြို့နယ်ကြက်​ခြေနီအသင်းခွဲမှ​ သွား​ရောက်ပေးအပ်လှူဒါန်း
Mar 30,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ကြည်​စေတနာလမ်း မရမ်းစုရှိ မီဘေးသင့်ခံခဲ့ရသော အိမ်ထောင်စု(၆)စုအတွက် မြန်မာနိုင်ငံကြက်​ခြေနီအသင်းက​ ထောက်ပံ့လှူဒါန်းသည့်ပစ္စည်းများအား ယမန်နံနက်​ပိုင်းက မြို့နယ်ကြက်​ခြေနီအသင်းခွဲ ဥက္ကဋ္ဌ မြို့နယ်တပ်ဖွဲမှူးဦးမောင်​မောင်မြင့်နှင့် အဖွဲ့ဝင်များမှ သွား​ရောက်​ပေးအပ်လှူဒါန်း​ပေးခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနအား သွားရောက်ကြည့်ရှု
Mar 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သွားရောက်ကြည့်ရှုခဲ့သည်။