သတင်းများ

ကော့သောင်းမြို့၌ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 30,2022
လူငယ်များအသိပညာမြှင့်မားလာစေရန်ရွယ်ကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လူငယ်ရေး ရာအသိပညာပေးဟောပြောပွဲတစ်ရပ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပု​တောမြို့နယ်၊ ကွင်းချောင်း​ကျေးရွာအုပ်စု၊ သူကြီးကုန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ဒုတိယအကြိမ်ထိုးနှံပေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်း သံဃာများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield)​ ဆေးများအား ယမန်​နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်၍ သတ္တမအသုတ် ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သည့် ကွင်း​ချောင်း​ကျေးရွာအုပ်စု၊ သူကြီးကုန်းကျေးရွာရှိ​ အ​ခြေခံပညာမူလတန်း​ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
ရမည်းသင်းခရိုင်၌ ကျောင်းသား၊ ကျောင်းသူ၊လူငယ်များ ကျန်းမာကြံခိုင်စေရေး နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းရှိ အားကစား ခန်းမ၊ ရမည်းသင်းမြို့နယ် ဗျဉ်ကပ်ကျေးရွာ အလယ်တန်းကျောင်းနှင့် ပျော်ဘွယ်မြို့နယ် အရှေ့လျော်ဖြူကုန်း အလယ်တန်း ကျောင်းတို့တွင် အားကစားနည်းများအလိုက် မတ်လ ၂၅ ရက် မှ ဧပြီ ၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 30,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ မွန်ပြည်နယ် အတွင်းရှိ ရုပ်ရှင်ရုံပိုင်ရှင်များ ကိုယ်စားလှယ်များနှင့် ရုပ်ရှင်ရုံ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မွန်ပြည်နယ် အစိုးရအဖွဲရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ဗန်းမော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 30,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား လူကုန်သုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်မြို့ ‌ပေါက်ကုန်းရပ်ကွက်၊ ရှမ်းဝိုင်းရပ်ရှိ ကက်သလစ်အသင်းတော် စိန်ဂျွန်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၊ ကျေးလက်ကျန်းမာရေးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကျေးလက်ကျန်းမာရေးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့နယ်၌ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးလောင်မှု မီးလန့်မှုမဖြစ်ပေါ်စေရေး တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး
Mar 30,2022
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့ရှိ အ.ထ.က တာပွန်စာစစ်ဌာနနှင့် ကပ်လျက်နေအိမ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးလောင်မှုမီးလန့်မှုမဖြစ်ပေါ်စေရေးအတွက်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုးအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှယနေ့နံနက်ပိုင်းက  မီးဘေးလုံခြုံရေးရှိစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။