ကရသူရိမြို့၊ ကျေးလက်ကျန်းမာရေးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကရသူရိ မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကျေးလက်ကျန်းမာရေးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံထားပြီးသူများ၊ ဒုတိယအကြိမ် ဆက်လက်ထိုးနှံရန် ကျန်ရှိနေသူများနှင့် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးပြီးစီးအောင် ထိုးနှံနိုင်ရေး ကျန်းမာရေးဝန်ထမ်းနှင့် ရပ်စာ/ရေးတို့ ပူးပေါင်းပြီး    ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျန်းမာရေး စစ်ဆေးမှုများနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများအား ပြောကြားခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)