သတင်းများ

ဖား​ဆောင်းမြို့နယ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာ​မေးပွဲ ​အောင်မြင်စွာကျင်းပနိုင်​ရေး စာ​ဖြေဆိုခန်း၊ လုံခြုံ​ရေး​နေရာ၊ ကျန်းမာ​ရေး​စောင့်​ရှောက်ခန်းတို့အား ကြည့်ရှုစစ်​ဆေး
Mar 30,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌  မတ်လ(၃၁)ရက်မှ ဧပြီလ(၉)ရက်​နေ့ထိ ကျင်းပသွားမည့် တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် စာ​မေးပွဲ​ဖြေဆိုခန်း၊ လုံခြုံ​ရေး​နေရာ၊ ကျန်းမာ​ရေး​စောင့်​ရှောက်ခန်းနှင့် မီး၊​ ရေအဆင်​ပြေ​စေ​ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ​ကော်မတီဝင်များက ယ​နေ့နံနက်(၉)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း စာစစ်ဌာနသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။
ရွှေတောင် မြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပန်း​တောင်းမြိုနယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊​ ​​ ​​ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ မြို့ဝင်/မြို့ထွက်များတွင် အမှိုက်ကင်းစင်ရေး လမ်းပိုင်းအလိုက် ကွင်းဆင်းစစ်ဆေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မလမ်း၊ မြို့အဝင်ဂိတ်၊ ကျွန်းကုန်း-ဝါးခယ်မလမ်း၊ ရွှေခယ်ဧရာကားဂိတ်၊ ဝါးခယ်မ-ကျုံမငေးလမ်း၊ ဝါးခယ်မ-မော်ကျွန်းလမ်းတို့တွင် အမှိုက်ကင်းစင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုကို ယနေ့ နံနက် ၉  နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အသင်းတည်ထောင်ခြင်း နှစ်(၃၀)ပြည့် အခမ်းအနားပြုလုပ်ဆောင်ရွက်
Mar 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အသင်းတည်ထောင်ခြင်းနှစ်(၃၀)ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့်  အသင်းသားများအား ကံစမ်းမဲများဖောက်ပေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ အသင်းရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ ဝမ်လုံ(၁)ကျေးရွာ၌ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းနင်းကျေးရွာအုပ်စု၊ ဝမ်လုံ(၁)ကျေးရွာ၌ မတ်လ ၂၀ ရက် နံနက်ပိုင်းက မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၂၄)လုံးမီးလောင်ကျွမ်းခဲ့သဖြင့် မီးလောင် ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စု(၂၈)စုအား ယမန်နေ့က တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး၊ ပထမတန်း(ပြည်သူ့စစ်)ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းက ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 30,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် အထွက်နှုန်း တိုးတက်ရေး စီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနား ကျင်းပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့ အ.ထ.က(၁)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးကွင်းဆင်းစစ်ဆေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို မည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး ကွင်းဆင်းစစ်ဆေးမှုကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်မှူး မင်းထွဋ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဇော်နိုင်ဦးတို့က ယနေ့ နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။