သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 30,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် အထွက်နှုန်း တိုးတက်ရေး စီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနား ကျင်းပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့ အ.ထ.က(၁)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးကွင်းဆင်းစစ်ဆေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို မည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး ကွင်းဆင်းစစ်ဆေးမှုကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်မှူး မင်းထွဋ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဇော်နိုင်ဦးတို့က ယနေ့ နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ငပု​တောမြို့နယ်၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားရှိမှုများအား  တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သွားရောက် ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့၌ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 30,2022
လူငယ်များအသိပညာမြှင့်မားလာစေရန်ရွယ်ကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လူငယ်ရေး ရာအသိပညာပေးဟောပြောပွဲတစ်ရပ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပု​တောမြို့နယ်၊ ကွင်းချောင်း​ကျေးရွာအုပ်စု၊ သူကြီးကုန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ဒုတိယအကြိမ်ထိုးနှံပေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်း သံဃာများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield)​ ဆေးများအား ယမန်​နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်၍ သတ္တမအသုတ် ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သည့် ကွင်း​ချောင်း​ကျေးရွာအုပ်စု၊ သူကြီးကုန်းကျေးရွာရှိ​ အ​ခြေခံပညာမူလတန်း​ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
ရမည်းသင်းခရိုင်၌ ကျောင်းသား၊ ကျောင်းသူ၊လူငယ်များ ကျန်းမာကြံခိုင်စေရေး နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းရှိ အားကစား ခန်းမ၊ ရမည်းသင်းမြို့နယ် ဗျဉ်ကပ်ကျေးရွာ အလယ်တန်းကျောင်းနှင့် ပျော်ဘွယ်မြို့နယ် အရှေ့လျော်ဖြူကုန်း အလယ်တန်း ကျောင်းတို့တွင် အားကစားနည်းများအလိုက် မတ်လ ၂၅ ရက် မှ ဧပြီ ၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 30,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ မွန်ပြည်နယ် အတွင်းရှိ ရုပ်ရှင်ရုံပိုင်ရှင်များ ကိုယ်စားလှယ်များနှင့် ရုပ်ရှင်ရုံ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မွန်ပြည်နယ် အစိုးရအဖွဲရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ဗန်းမော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 30,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား လူကုန်သုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်မြို့ ‌ပေါက်ကုန်းရပ်ကွက်၊ ရှမ်းဝိုင်းရပ်ရှိ ကက်သလစ်အသင်းတော် စိန်ဂျွန်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။