နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

နတ်တလင်း မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ နွေစပါး စိုက်ပျိုးနိုင်မှုလုပ်ငန်းများ၊ ဆောင်းသီနှံစိုက်ပျိုးရာတွင်အောင်မြင်ဖြစ်ထွန်းမှု အ‌‌ခြေအနေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊   ‌မွေးမြူ‌ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးကိစ္စရပ်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံ‌ရေးကိစ္စရပ်များကို ဂရုပြုဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

ထို့နောက်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း‌ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)