သတင်းများ

နတ်တလင်းမြို့နယ်၌ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးလောင်မှု မီးလန့်မှုမဖြစ်ပေါ်စေရေး တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး
Mar 30,2022
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့ရှိ အ.ထ.က တာပွန်စာစစ်ဌာနနှင့် ကပ်လျက်နေအိမ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးလောင်မှုမီးလန့်မှုမဖြစ်ပေါ်စေရေးအတွက်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုးအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှယနေ့နံနက်ပိုင်းက  မီးဘေးလုံခြုံရေးရှိစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မလှိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး
Mar 30,2022
မလှိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများသို့ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ အဖွဲ့(၃)ဖွဲ့ဖြင့်  လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနအား သွားရောက်ကြည့်ရှု
Mar 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သွားရောက်ကြည့်ရှုခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Mar 30,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ည ၇ နာရီမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ဆောင်ရွက် လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ စာစစ်ဌာနပြုလုပ်မည့်ကျောင်း ကြိုတင်ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
Mar 30,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ၂၀၂၁၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် မြို့နယ်စာစစ်ဌာန ပြုလုပ်မည့် အခြေခံပညာ အထက်တန်းကျောင်း(အထက- ခနောင်တို) ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
မြိတ်မြို့တွင် ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပ
Mar 30,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Mar 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
သဲကုန်းမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 30,2022
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်၂နာရီ က ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။