သတင်းများ

​ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ပြင်ဆင်ထားရှိမှု အကောင်းဆုံး ကျောင်းများအား ကျန်းမာရေးထူးချွန်ဆုပေးအပ်ပွဲကျင်းပ
Mar 30,2022
မွန်ပြည်နယ် ​ရေးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက် ကျောင်းပတ်ဝန်းကျင်၊ စာသင်ခန်း၊ သန့်ရှင်းသပ်ရပ် ပြင်ဆင်ထားရှိမှု အကောင်းဆုံးကျောင်းများအား ကျန်းမာရေးထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ​ယနေ့နံနက် ၁၁ နာရီက ရန်ကြီး​​အောင်ရပ်ကွက် အမှတ်(၃) အ​ခြေခံပညာအလယ်တန်း​ကျောင်း အစည်းအ​ဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ပန်းတနော်မြို့၌ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)ကို ဧပြီလမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း လိုက်လံအသိပေးကြေညာ
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိဘပြည်သူများအနေဖြင့် တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ အသိပေးကြေညာခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မအူပင်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းဂုဏ်ပြု လက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မအူပင်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းဂုဏ်ပြု လက်မှတ် ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ(၃/၂၀၂၂) အစည်း အဝေး တက်ရောက်
Mar 30,2022
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ရပ်ဝေးကျောင်းသား/သူများအားတွေ့ဆုံအားပေး
Mar 30,2022
၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင်ဖြေဆိုကြတော့ မည်ဖြစ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် တည်းခိုရောက်ရှိနေသော ရပ်ဝေး ကျောင်းသား/ ကျောင်းသူများအား သွားရောက်တွေ့ဆုံ အားပေး၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကတ်ပြားများ ယူဆောင်သွားလာမှု ရှိ၊ မရှိ စစ်ဆေးပြီး နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ
Mar 30,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပျံ့ပွားမှု ကင်းစင်ပပျောက်စေရေးအတွက် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် ခရီးသွားပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုး ကတ်ပြားများ ယူဆောင်သွားလာမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့အဝင်ဂိတ်တွင် ပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသော အခြေခံပညာကျောင်း (၂၅) ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော စာသင်ကျောင်းဆောင်များ ရာနှုန်းပြည့်ပြီးစီး
Mar 30,2022
မိတ္ထီလာမြို့နယ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသော အခြေခံပညာကျောင်း (၂၅)ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော စာသင်ကျောင်းဆောင်များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်း​ ဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း၊ အင်ကြင်းမြိုင်အိမ်ရာတိုက် (၉) ရှိ ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးတွင် ရပ်ကွက်​နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။