မိတ္ထီလာ မတ်လ ၃၀
မိတ္ထီလာမြို့နယ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသော အခြေခံပညာကျောင်း (၂၅)ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော စာသင်ကျောင်းဆောင်များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားရာ၌ ကျောင်းဆောင်များ လိုအပ်ချက်မရှိစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စာသင်ကျောင်းဆောင်များ ဆောင်လုပ်လျက်ရှိသည်။ ထိုသို့ဆောက်လုပ်လျက်ရှိရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တို့ တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စာသင်ကျောင်းဆောင်များ လိုအပ်လျက်ရှိသော အ.မ.က စက်ပစ် တောင်၊ အ.မ.က မြောင်းပေါက်၊ အ.မ.က ကြာအင်း၊ အ.မ.က ရဲပေါက်ချောင်း၊ အ.မ.က ကျိတ်ပုလဲ၊ အ.မ.က ဖလံကျင်း၊ အ.မ.က ကန်နီ(တောင်)၊ အ.မ.က ရွာသာ၊ အ.မ.က သက္ကယ်ကျင်း၊ အ.မ.က ငဆက္ကန်၊ အ.မ.က ဝက်ကျောက်၊ အ.မ.က ကချင်လေး၊ အ.မ.က ဆက်သွယ်ရေး၊ အ.မ.က ရှင်မြို့၊ အ.မ.က အင်းကုန်း၊ အ.မ.က မင်းရပ်၊ အ.မ.က ဂွေးကုန်း၊ အ.မ.က လူးခင်းကြီး ၊ မူလွန် စျေး၊ အ.လ.က(ခွဲ)စစ်ရဲ၊ အ.လ.က ရှမ်းမငယ်၊ အ.လ.က သပြေကန်၊ အ.ထ.က(ခွဲ)လေတပ်၊ အ.ထ.က (၄)နှင့် အ.ထ.က(၅)စသည့် အခြေခံပညာကျောင်း (၂၅)ကျောင်းတို့တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများဖြစ်သည့် ခိုင်မြဲခြင်း၊ မောမြေ၊ ချမ်းမြေ့ထွန်း၊ ရှမ်းရွှေမြေ၊ တော်ဝင်ရွှေမန်း၊ မန်းမြင့်မိုလ်ဟိန်း၊ Bright Star Wave ၊ Mandalar Teach ကုမ္ပဏီများက တာဝန်ယူ၍ စာသင်ကျောင်းဆောင်များ တည်ဆောက်လုပ်လျက်ရှိရာ ၎င်းစာသင်ကျောင်းဆောင်များမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)