​ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ပြင်ဆင်ထားရှိမှု အကောင်းဆုံး ကျောင်းများအား ကျန်းမာရေးထူးချွန်ဆုပေးအပ်ပွဲကျင်းပ

ရေး မတ် ၃၀

မွန်ပြည်နယ် ​ရေးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက် ကျောင်းပတ်ဝန်းကျင်၊ စာသင်ခန်း၊ သန့်ရှင်းသပ်ရပ် ပြင်ဆင်ထားရှိမှု အကောင်းဆုံးကျောင်းများအား  ကျန်းမာရေးထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ​ယနေ့နံနက် ၁၁ နာရီက ရန်ကြီး​​အောင်ရပ်ကွက် အမှတ်(၃) အ​ခြေခံပညာအလယ်တန်း​ကျောင်း အစည်းအ​ဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ပထမဦးစွာ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးတာဝန်ခံ ဒေါက်တာကင်းရှိန်နှင့် မြို့နယ်ပညာ​ရေးမှူးဦးမင်း​ဌေးဦးတို့ကက အဖွင့်အမှာစကားပြောကြားပြီး ကျန်မာ​ရေးမှူး-၁ ဦး​အောင်​ဇော်ထိုက်က ဆုရွေးချယ်ခြင်း များနှင့် ပတ်သက်ပြီး ရှင်းလင်းပြာကြားခဲ့သည်။

ထို့​နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေး ပြင်ဆင်ထားရှိမှုအကောင်းဆုံး ဆောင်ရွက်ထားရှိသည့် မူလတန်းအဆင့် အမှတ် (၂) အ​ခြေခံပညာ မူလတန်းလွန်ကျောင်း၊ အလယ်တန်းအဆင့် အမှတ်(၃) အ​ခြေခံပညာအလယ်တန်း​ကျောင်းနှင့် အထက်တန်းအဆင့် အမှတ် (၃)အ​ခြေခံပညာအထက်တန်း ​ကျောင်းများမှ ကျောင်းအုပ် ဆရာမကြီးများအား ဆုများအသီသီး​ပေးအပ်ချီးမြှင့်ခဲ့ကြ​ကြောင်း သိရသည်။ 

သိမ့်ချယ်ရီ၊ ​ရေး