မအူပင် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မအူပင်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းဂုဏ်ပြု လက်မှတ် ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မအူပင် မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ကျောင်းဆင်းဂုဏ်ပြု လက်မှတ်များကို မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်၊ ဦးစီးမှူး ဒေါ်ဝင်းမေ၊ တာဝန်ခံဆရာမ ဒေါ်ဝေဝေအောင်တို့က ချီးမြှင့်ပေးခဲ့ပြီး မအူပင်မူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)