မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မြင်းခြံ မတ် ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြင်းခြံမြို့ပေါ် ရပ်ကွက်များသို့ ယနေ့နေ့လည် ၁ နာရီ အချိန်တွင် အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြင်းခြံမြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်စေရေးနှင့်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မသွားကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး ခြင်းလုပ်ငန်းများကို မြေပြင်များသို့ လိုက်လံနှိုးဆော်ခြင်းအပြင် Online မှ တစ်ဆင့်လည်း ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။

ကျော်စွာ(မြင်းခြံ)