တကောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်နိုင်ရေး အသိပေးလက်ကမ်းစာစောင်နှင့် ကြော်ငြာများဖြန့်ဝေ

တကောင်း  မတ် ၃၀

မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အတွင်း အသက်(၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအာ ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်ကောင်း၊ တည်းခိုနေထိုင်ရာတွင် လည်ကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ၍ ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း (၁.၄.၂၀၂၂)ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အား ပြသစစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း အသိပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မတ်လ (၂၈)ရက်နေ့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့ဝင် လမ်းဆုံး ၌ ပြည်သူများအား အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကြကာ ဈေးဆိုင်များနှင့် လူစည်ကားရာနေရာများတွင် အသိပေးကြော်ငြာများကပ်၍ အသိပညာပေးလုပ်များကို ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။     

သီရိအောင် (တကောင်း)