မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်လှူဒါန်း

မြင်းခြံ မတ် ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့ စာကြည့်တိုက်တွင် ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကောင်းပေကောင်း ဖတ်ရှုနိုင်ရန်အတွက် ရည်ညွှန်းစာအုပ်များ၊ အင်္ဂလိပ်ဘာသာပြန်စာအုပ်များနှင့် သုတရသစာအုပ်များ စုစုပေါင်း (၁၆) အုပ်ကို အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးဝင်း က လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်မှူး ဒေါ်မြမြဝင်းက လက်ခံရယူခဲ့ပြီး ပြည်သူများလေ့လာဖတ်ရှုနိုင်ရန်အတွက် ပြည်သူ့စာကြည့်တိုက်တွင် စာရင်းပြုစု၍ ခင်းကျင်းပြသထားကြောင်း သိရသည်။                                   

ကျော်စွာ(မြင်းခြံ)