ငါးသိုင်းချောင်းမြို့၊ အ-ထ-က စာစစ်ဌာန၌ (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ

ငါးသိုင်းချောင်း မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ (အ-ထ-က) စာစစ်ဌာန၌ (၂၀၂၂)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန် စတင် ကျင်းပရာ အဆိုပါစာစစ်ဌာန၌ (အ-ထ-က)ငါးသိုင်းချောင်း၊ ထ(ခွဲ)ကွင်းလျား၊ ထ(ခွဲ)တက်ဆိပ်၊ ထ(ခွဲ)ဒေါင့်ကြီးနှင့် ပြင်ပအလွတ်ဖြေ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၉)ဦး ဖြေဆိုရန်စာရင်းရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေ ချောမွေ့‌အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာနနှင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၌ အဆိုပါစာစစ်ဌာန၌ ဖြေဆိုရန် ပျက်ကွက်သူ (၁၇)ဦးရှိခဲ့ရာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၁၂)ဦး ဖြေဆိုလျက် ရှိကြောင်းသိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)