သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများအေးချမ်းစွာ စတင်ဖြေဆို

သာယာဝတီ    မတ်   ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ (၁၂၂၆) ဦးမှ ယနေ့နံနက် ၉နာရီကစ၍ နေ့လည် ၁၂နာရီထိ မြန်မာစာဘာသာရပ် စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ရက်အထိ ဖြေဆိုကြရမည်ဖြစ်ပြီး သာယာဝတီမြို့နယ် အမှတ် ()အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ အ..က (သုံးဆယ်)၊ အ..က (စံရွေး)တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/သူ (၁၂၂၆) ဦး ဖြေဆိုကြမည် ဖြစ်သည်၊၊

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)